# How To Build A File Server?

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် ပြောပြပေးသွားမဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ File Server တစ်ခု ဘယ်လို Setup လုပ်ရမလဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ဆိုတော့ ကျွန်တော်တို့ NAS လဲ သုံးချင်တယ်။ ‌Synology NAS တွေကျတော့လဲ စျေးကြီးတယ်။ ဒါဆို ဘယ်လိုလုပ်မလဲ??

### **Ubuntu As NAS**

ကျွန်တော်တို့ သုံးနေတဲ့ Ubuntu ကိုပဲ Samba အသုံးပြုပြီး File Server တစ်ခုအနေနဲ့ Setup လုပ်သွားပါမယ်။

1. ### **Installing Samba**
    

```plaintext
sudo apt update
sudo apt install samba
```

Check Installation success or not?

```plaintext
whereis samba
```

The Result may

```plaintext
samba: /usr/sbin/samba /usr/lib/samba /etc/samba /usr/share/samba /usr/share/man/man7/samba.7.gz /usr/share/man/man8/samba.8.gz
```

---

2. ### **Setting Up Samba**
    

Samba ကို Install လုပ်ပြီးသွားပြီဆိုတော့ Share ဖို့အတွက် Directory တစ်ခု ဖန်တီးပါမယ်။

```plaintext
mkdir /home/<username>/sambashare/
```

ဒီ cmd က smabashare ဆိုတဲ့ Folder လေးကို Directory မှာ ဆောက်သွားတာပါ။

samba configuration file က ဒီလမ်းကြောင်းထဲမှာ ရှိတာပါ။ ( /etc/samba/smb.conf )

ကျွန်တော်တို့က ဒီ လမ်းကြောင်းထဲက File ကိုသွားပြီး configure ချပါမယ်။

```plaintext
sudo nano /etc/samba/smb.conf
```

ဒီ Config လေး ထည့်ပါမယ်။

```plaintext
[sambashare]
    comment = SambaShare
    path = /home/username/sambashare
    read only = no
    browsable = yes
```

ပီးရင် Save လုပ်ပါမယ်။ save လုပ်ပြီးရင် effect ဖြစ်ဖို့အတွက် service restart ချပေးရပါမယ်။

```plaintext
sudo service smbd restart
```

နောက်ပြီး Firewall မှာ smb traffic တွေအတွက် Rule update လုပ်ပေးဖို့လိုပါတယ်။

```plaintext
sudo ufw allow samba
```

---

3. ### **Setting up User Accounts**
    

User Acc တစ်ခု Create လုပ်ပါမယ်။

```plaintext
sudo smbpasswd -a username
```

4. ### **Connecting to Share**
    

Ubuntu Share

![](https://cdn.hashnode.com/res/hashnode/image/upload/v1725596514495/a8fc3d13-6321-4f2f-a05e-e6d7805f8e45.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1725597049896/3d2d9f27-162c-49a6-af19-c8bf37a8c1e6.png align="center")

Mac Share

![](https://cdn.hashnode.com/res/hashnode/image/upload/v1725597234941/b7e975d3-b649-4803-9ae6-059853a53ee9.png align="center")

Windows

```plaintext
\\ip-address\sambashare
```

---

အခုဆိုရင်တော့ Ubuntu မှာ File Server Setup လုပ်နည်းလေး သိသွားပြီဆိုတော့ ဒီ lab လေးကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ ကိုယ်တိုင်လဲ စမ်းလုပ်ကြည့်လို့ရပါတယ်။ အားလုံးပဲ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျ။

Author By @[PoneMyat](@ponemyat110)
