Skip to main content

Command Palette

Search for a command to run...

Headlamp: A New Alternative to the Kubernetes Dashboard

Published
4 min read
Headlamp: A New Alternative to the Kubernetes Dashboard
S

I have been working experience in areas of system administration, design, implementation & support of Windows Server Systems, Linux, Container and networking.

Kubernetes cluster တွေကို UI ကနေမြင်ရ၊ စီမံရ လွယ်ကူစေတဲ့ dashboard tool တွေထဲမှာ Kubernetes Dashboard က အရင်က လူသုံးများခဲ့တဲ့ official web UI တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် 2026 ခုနှစ် January 21 ရက်မှာ repository ကို archive လုပ်ပြီး active maintainers and contributors မလုံလောက်တော့တာကြောင့် no longer maintained လို့ တရားဝင်ဖော်ပြထားပါတယ်။ အဲဒီ README ထဲမှာပဲ Headlamp ကို အစားထိုးအဖြစ် စဉ်းစားဖို့ ညွှန်ပြထားပါတယ်။

Kubernetes Dashboard ဘာကြောင့် deprecated ဖြစ်သွားတာလဲ

အဓိကအကြောင်းရင်းကတော့ maintenance ဆက်မလုပ်နိုင်တော့တာပါ။ Repository ကို archive လုပ်တဲ့အခါ “lack of active maintainers and contributors” လို့ တိတိကျကျ ဖော်ပြထားပြီး၊ archive ဖြစ်သွားတာနဲ့အတူ project သည် read-only ဖြစ်သွားပါတယ်။ Kubernetes Dashboard က general-purpose web UI အဖြစ် ရပ်တည်ခဲ့ပေမယ့် maintainers များနည်းလာခြင်းကြောင့် long-term support အတွက် အားနည်းသွားခဲ့ပါတယ်။

နောက်တစ်ချက်က modern Kubernetes environments တွေအတွက်လိုအပ်တဲ့extensibility နဲ့ flexible deployment model တွေကို နောက်ပိုင်း tool များက ပိုကောင်းကောင်းဖြည့်ဆည်းလာတာပါ။ Kubernetes Dashboard documentation မှာတောင် Helm-based installation သာ support လုပ်ပြီး multi-container setup, gateway proxy စတဲ့ architecture တွေကို မှီခိုနေရတာကို တွေ့ရပါတယ်။ အဲဒီလို setup က legacy dashboard experience ထက် ပိုမိုပြောင်းလဲနေတဲ့အတွက် platform လိုအပ်ချက်တွေနဲ့ မကိုက်တော့ပါဘူး။

Headlamp ဆိုတာဘာလဲ

Headlamp က Kubernetes cluster တွေကို browser ကနေ စီမံနိုင်တဲ့ modern web UI တစ်ခုဖြစ်ပါတယ်။ Official site ရဲ့ docs အရ Headlamp ကို Kubernetes cluster ထဲမှာ deploy လုပ်လို့ရသလို desktop application အဖြစ်လည်း run လို့ရ ပါတယ်။ Project ကို “easy-to-use and extensible Kubernetes web UI” လို့ ဖော်ပြထားပြီး Kubernetes SIG UI အောက်က official Kubernetes sub-project တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ headlamp ရဲ့ github repository ကိုလည်းလေ့လာလို့ရအောင်ထည့်ပေးထားပါတယ်။

Headlamp Github: kubernetes-sigs/headlamp: A Kubernetes web UI that is fully-featured, user-friendly and extensible

Headlamp ကို ဘယ်သူတွေ develop လုပ်တာလဲ

Headlamp ဟာ open-source project ဖြစ်ပြီး official FAQ အရ maintainers list ကို repository ရဲ့ OWNERS_ALIASES file ထဲမှာထားပါတယ်။ ဒီ project က CNCF ရဲ့ Sandbox project တစ်ခု ဖြစ်ပြီး၊ community contributors တွေ ပါဝင်ပြီး develop လုပ်ကြပါတယ်။ Official site ကလည်း Headlamp ကို Kubernetes SIG UI နဲ့ ချိတ်ဆက်ထားတဲ့ Kubernetes sub-project အဖြစ် ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ Headlamp သည် တစ်ခုတည်းသော vendor product မဟုတ်ဘဲ Kubernetes community-driven project တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် Headlamp ကို သုံးသင့်လဲ

ပထမဆုံးအကြောင်းရင်းကတော့ active development ရှိနေခြင်းပါ။ Kubernetes Dashboard က archive ဖြစ်သွားပြီး read-only ဖြစ်သွားတဲ့အချိန်မှာ Headlamp ကတော့ official docs, releases, installation guides, plugin docs တွေနဲ့ actively update လုပ်နေဆဲပါ။

ဒုတိယအချက်က multi-mode deployment ပါ။ In-cluster deploy လည်းရ၊ desktop app လည်းရပါတယ်။ Local workstation နဲ့ isolated clusters တွေကို manage လုပ်ချင်သူတွေအတွက် desktop mode ကအသုံးဝင်ပြီး၊ team/shared access အတွက်တော့ cluster ထဲမှာ deploy လုပ်တာက ပိုအဆင်ပြေပါတယ်။

တတိယအချက်က RBAC-based security model ပါ။ Headlamp က cluster access ကို directly မယူဘဲ Kubernetes RBAC ကို အခြေခံပြီး API server နဲ့ connect လုပ်ပါတယ်။ Headlamp ရဲ့ recommended login method က Service Account token ဖြစ်ပြီး၊ user permissions ကို Kubernetes native way နဲ့ ထိန်းချုပ်နိုင်ပါတယ်။

စတုတ္ထအချက်ကတော့ plugin system ပါ။ Official FAQ မှာ Headlamp ကို highly customizable လို့ ဖော်ပြထားပြီး plugin system က core functionality တွေကို တိုးချဲ့နိုင်တယ်လို့ ဆိုထားပါတယ်။ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ workflow, branding, internal tooling နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ အရေးကြီးတဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

Headlamp Installation step by step

1. Prerequisite Check

သင့်မှာ Kubernetes cluster တစ်ခုရှိပြီး kubectl က အဲဒီ cluster ကို access လုပ်နိုင်ရပါမယ်။ Helm သုံးမယ်ဆို Helm လည်း install လုပ်ထားရပါမယ်။ Headlamp ကိုအသုံးပြုရန် in-cluster installation နဲ့ desktop application နှစ်မျိုးလုံး support လုပ်ပါတယ်။

2. Helm Repo Add

Headlamp ကို cluster ထဲ deploy လုပ်ဖို့ အလွယ်ဆုံးနည်းက Helm ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။ Helm repo add ဖို့အတွက် helm package ကိုတော့ install ပြီးသားဖြစ်ရပါမယ်။ Official docs အတိုင်း follow လုပ်ပြီးလဲ installation လုပ်နိုင်ပါတယ်။

helm repo add headlamp https://kubernetes-sigs.github.io/headlamp/
helm repo update
helm install my-headlamp headlamp/headlamp --namespace kube-system --create-namespace

3. Accessing Web UI

သင့် cluster ရဲ့ ingress (သို့မဟုတ်) service exposure method အလိုက် Headlamp UI ကိုဖွင့်နိုင်ပါတယ်။ Docs မှာ in-cluster deployment ကို ingress နဲ့တွဲသုံးရတဲ့ common use case လို့ ဖော်ပြထားပါတယ်။

4. Authentication / Login

Headlamp docs အရ login လုပ်ရာမှာ client certificate သို့မဟုတ် bearer token သုံးနိုင်ပါတယ်။ Recommended method ကတော့ Service Account token ဖြစ်ပြီး RBAC နဲ့ပဲ access control လုပ်ပါတယ်။ Example အနေနဲ့ service account တစ်ခု create လုပ်ပြီး cluster-admin binding ချိတ်ဆက်နိုင်ပါတယ်။ Headlamp ကို local desktop app အဖြစ်လည်း run လို့ရပါတယ်။ Linux, Mac, Windows support ရှိပြီး unrelated clusters ကို local ကနေ manage လုပ်ချင်သူတွေအတွက် သင့်တော်ပါတယ်။

5. Use OIDC

Headlamp က OIDC စနစ်ကို ပံ့ပိုးထားတာကြောင့် Cluster အသုံးပြုသူတွေအနေနဲ့ "Sign in" ကို နှိပ်ရုံနဲ့တင် အလွယ်တကူ Log in ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ OIDC ကို အသုံးပြုရန်အတွက် Headlamp သည် ၎င်းကို မည်သို့ configure လုပ်ရမည်ကို သိရှိရန် လိုအပ်သောကြောင့် သင်၏ OIDC provider ထံမှ သက်ဆိုင်သော argument များကို Headlamp သို့ ပေးဆောင်ရမည်ဖြစ်သည်။

ref: https://headlamp.dev/docs/latest/installation/in-cluster/oidc/

နိဂုံးချုပ်

Kubernetes Dashboard က archive ဖြစ်ပြီး maintenance မလုပ်တော့တဲ့အခြေအနေမှာ Headlamp က ပိုပြီး modern ဖြစ်တဲ့ replacement တစ်ခုပါ။ Official Kubernetes SIG UI sub-project ဖြစ်တာ၊ in-cluster နဲ့ desktop နှစ်မျိုးလုံး support လုပ်တာ၊ RBAC-based security model သုံးတာ၊ plugin system နဲ့ customize လုပ်လို့ရတာတွေကြောင့် production-friendly Kubernetes UI အဖြစ် သုံးဖို့ သင့်တော်ပါတယ်။

အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

71 views

More from this blog

Why need to associate IAM OIDC Provider for Amazon EKS Cluster?

Amazon EKS cluster မှာ OpenID Connect (OIDC) provider ကို associate လုပ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ Security နဲ့ Access Control ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်။ အဓိကအားဖြင့် အချက် (၂) ချက်ရှိပါတယ်။ To use IAM Roles for Service...

Oct 10, 20252 min read37

kubectl-like CLI tool for Amazon EKS

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Amazon Elastic Kubernetes Service (EKS) ကို demo စမ်းဖို့အတွက် AWS ကနေမှ developed လုပ်ထားတဲ့ tool အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ အဲ့ဒီ tool ရဲ့ nameလေးကတော့ eksdemo ပဲဖြစ်ပါတယ်။ eksdemo ဆိုတာဟာ Amazon EKS ကို...

Oct 2, 20252 min read14
kubectl-like CLI tool for Amazon EKS
V

Vital Tech Blog

24 posts