Skip to main content

Command Palette

Search for a command to run...

How to setup a password less SSH Connection between Windows and Linux

Updated
2 min read
How to setup a password less SSH Connection between Windows and Linux
H

I have over five years of experience in the IT Industry related to Network and Systems. I have responsible for focusing on Open-Source platform in the working environment. I have handled and solve the Windows & Linux Server issues.

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်အခုပြောပြမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့ အသုံးပြုနေတယ့် windows ကနေ linux server ကို ssh နဲ့ login ဝင်တယ့် အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ ဒီ lab မှာ linux ssh login ကို password less login နဲ့ အသုံးပြုမည့်အပြင် ssh login ကို 3rd party software တွေအသုံးပြုမပဲ ssh config file ရေးပြီး တော့ windows command prompt ကနေပဲ အသုံးပြုပြမှာပါ။ example အနေဖြင့်

ssh web01

ဆိုပြီးတော့ command prompt မှာ ရိုက်လိုက်တာနဲ့ linux server ထဲကို password မတောင်းပဲ တစ်ခါတည်း login ဝင်သွားအောင် setup လုပ်မှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခြင်းဖြင့် ကျွန်တော်တို့ server တွေထဲကို login ဝင်တဲ့ အခါမှာ ပိုမိုမြန်ဆန်ပြီးတော့ ကိုယ့် Server ရဲ့ ip address တွေကိုလဲ အပေါ်ယံအနေဖြင့် မသိနိုင်တော့ဘူးပေါ့။ ဆိုတော့ စလိုက်ကြရအောင်။

ကျွန်တော်တို့ linux server တွေထဲကို ပုံမှန်အတိုင်း login ဝင်တဲ့အခါမျိုးမှာ command prompt ကနေ

ssh redhat@192.168.109.136

ဆိုပြီးတော့ username ရယ် server ip ရယ်ရိုက်ထည့်လိုက်တာနဲ့ password ရိုက်ထည့်ခိုင်းမှာဖြစ်ပြီး password မှန်ရင်တော့ server ထဲကို login ဝင်သွားမည်ပဲဖြစ်ပါတယ်။ ဒီလိုအသုံးပြုခြင်းက server တစ်လုံးနှစ်လုံးဆို အဆင်ပြေပေမယ့် များစွာသော server တွေကို login ဝင်ရမယ့်အချိန်မှာ အဲ့လိုမျိုး အများကြီးထိုင်ရိုက်နေရတော့မယ်ဆိုရင် အဆင်ပြေမှာမဟုတ်တော့ပါဘူး။ အဲ့လိုမျိုးအခြေအနေမျိုးမှာ MobaXterm လိုမျိုး 3rd party software တွေ သုံးပြီး မိမိဝင်ချင်တယ့် server တွေကို တစ်ခါတည်း add ထားလို့ရပါတယ်။ ကျွန်တော်ကတော့ 3rd party software မသုံးပဲ Windows ရဲ့ command prompt ပဲအသုံးပြုပြီး setup လုပ်သွားမှာဖြစ်ပါတယ်။

First Step - ပထမဆုံးအနေနဲ့ ဘာအရင်လုပ်ရမလဲ ဆိုတော့ ကျွန်တော်တို့ အသုံးပြုနေတယ့် Windows မှာ ssh key ကို အရင်ဆုံး generate ထုတ်ရပါတယ်။ ဆိုတော့ command prompt ကိုဖွင့်ပြီး ssh-keygen ကိုပြီး ရိုက်ပါမယ်။

ssh-keygen ရိုက်လိုက်တာနဲ့ generate ကိုထုတ်မယ့် file လမ်းကြောင်းလာပြပေးမှာဖြစ်ပြီးတော့ default အတိုင်းမလိုချင်ရင်တော့ ကိုယ်ဘာကို custom ပြန်ရေးပြီး ထုတ်လို့ရပါတယ်။ ကျွန်တော်ကတော့ ဒီမှာ လက်ရှိ directory အောက်မှာပဲ lab_key ဆိုပြီးတော့ထုတ်လိုက်ပါတယ်။

ထုတ်ပြီးသွားပီဆိုတော့ လက်ရှိ directory အောက်မှာ lab_key နဲ့ lab_key.pub ဆိုပြီး file လေးနှစ်ခု ရနေပါပီ။ အဲ့ဒီ file လေး နှစ်ဖိုင်ထဲကမှ ကျွန်တော်တို့ login ဝင်ချင်တဲ့ linux server ထဲကို public key file လေးကို copy ကူးပါမယ်။ scp ဆိုသည့် command ကိုအသုံးပြုပြီး windows command prompt ကိုပဲအသုံးပြုသွားပါမယ်။

scp lab_key.pub redhat@192.168.109.136:/home/redhat/.ssh/authorized_keys

ဒီလိုရိုက်လိုက်တာနဲ့ password ရိုက်ခိုင်းမည်ဖြစ်ပြီး server ရဲ့ redhat user ရဲ့ password ရိုက်ပေးရမည်ဖြစ်ပါသည်။

ပုံပါအတိုင်း server ထဲကို lab_key.pub ဆိုသည့် file ကို copy ကူးပြီးသွားပြီဖြစ်ပါသည်။ ဒါဆိုရင်တော့ server ထဲကို password မလိုပဲ login ဝင်လို့ရပြီဖြစ်ပါသည်။ အသုံးပြုသည့် command ကတော့

ssh -i lab_key redhat@192.168.109.136

ဒီလိုဆိုရင်တော့ server ထဲကို password မတောင်းပဲ login ဝင်သွားမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ထပ်ပြီး လုပ်ချင်တာက server ရဲ့ username နဲ့ ip address ကြီးကို မရိုက်ချင်တာဆိုတော့ နောက်ထပ် ထပ်ပြီးတော့ လုပ်ဆောင်ပေးရမှာရှိပါတယ်။

C:\Users\user_name\.ssh\ ထဲမှာ Config ဆိုပြီးတော့ file လေး တစ်ဖိုင်ကို သွားဆောက်ပါမယ်။ file ဆောက်ပြီးပြီဆိုရင်တော့ အဲ့ ဖိုင်လေးကို ဖွင့်ပြီးတော့ ssh config လေးတွေရေးပါမယ်။

Host web01
  HostName 192.168.109.136
  User redhat

အဲ့ဒီ file လေးထဲမှာ အခုလိုမျိုး ရေးလိုက်ပါမယ်။ Host ကတော့ ကျွန်တော်ကတော့ ssh နဲ့ login ဝင်ရင် ကိုယ်အသုံးပြုချင်သည့် name ကို ထည့်ပေးရမည်ဖြစ်ပြီး , HostName မှာတော့ Server IP , User မှာတော့ သူ့ username ထည့်ပေးရပါမယ်။ ဒါဆိုရင် ကျွန်တော်တို့အသုံးပြုချင်သည့် ပုံစံအတိုင်းရပီပဲ ဖြစ်ပါသည်။

ssh -i lab_key web01

ဒါဆိုရင် ပထမကလို အရှည်ကြီး ရိုက်စရာမလိုတော့ပဲ name လေးပဲရိုက်လိုက်တာနဲ့ server ထဲ login ဝင်သွားပီပဲဖြစ်ပါသည်။

ssh အနောက်က -i ဆိုတဲ့ options ကိုသုံးနေရခြင်းကတော့ ကျွန်တော်တို့က ssh key generate file ကို သူရဲ့ default key name ကိုမသုံးထားလို့ ရိုက်နေရခြင်းပြဖြစ်ပါတယ်။ key-gen ထုတ်တဲ့နေရာမှာ default အတိုင်းပဲထားခဲ့မယ် ဆိုရင် -i options သုံးစရာမလိုပဲ ssh web01 ဆိုပြီးပဲ အသုံးပြုလို့ရမည်ပဲဖြစ်ပါသည်။

51 views

More from this blog

Why need to associate IAM OIDC Provider for Amazon EKS Cluster?

Amazon EKS cluster မှာ OpenID Connect (OIDC) provider ကို associate လုပ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ Security နဲ့ Access Control ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်။ အဓိကအားဖြင့် အချက် (၂) ချက်ရှိပါတယ်။ To use IAM Roles for Service...

Oct 10, 20252 min read36

kubectl-like CLI tool for Amazon EKS

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Amazon Elastic Kubernetes Service (EKS) ကို demo စမ်းဖို့အတွက် AWS ကနေမှ developed လုပ်ထားတဲ့ tool အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ အဲ့ဒီ tool ရဲ့ nameလေးကတော့ eksdemo ပဲဖြစ်ပါတယ်။ eksdemo ဆိုတာဟာ Amazon EKS ကို...

Oct 2, 20252 min read11
kubectl-like CLI tool for Amazon EKS

Creating a cluster with kubeadm - Part 3

Part 2 မှာတော့ Cluster Setup လုပ်ဖို့အတွက် လိုအပ်တာတွေ အကုန် Installation လုပ်ပြီးဆိုတော့ ဒီမှာတော့ Cluster Setup ကို စတင်လုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။ Initializing your control-plane node ဒီမှာတော့ ကျွန်တော်တို့ Setup လုပ်မှာက Master Node က တစ်လုံးပဲ...

Aug 20, 20254 min read48
Creating a cluster with kubeadm - Part 3

Creating a cluster with kubeadm - Part 2

ဒီနေ့ထပ်ပြီးတော့ Sharing လုပ်မှာကတော့ kubeadm tool နဲ့ Kubernetes Cluster Setup လုပ်မှာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Part 1 မှာတုန်းကတော့ Kubernetes ဆိုတာဘာလဲရယ် Kubernetes Distribution အကြောင်း တွေကို အနည်းငယ်ရှင်းပြပေးခဲ့ပါတယ်။ Part 1 ကိုမဖတ်ရသေ...

Jul 23, 20255 min read49
Creating a cluster with kubeadm - Part 2
V

Vital Tech Blog

22 posts