Skip to main content

Command Palette

Search for a command to run...

Veritas Agent Installation and Backup in Windows Server

Updated
4 min read
Veritas Agent Installation and Backup in Windows Server
P

I have over 6 years of experience in IT industry related to Systems and Network. I have been managing data centers with a focus on both on-premise and cloud servers.

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ မှာတော့ Windows Server 2016 – Server က Data တွေကို Veritas Agent အသုံးပြုပြီး Veritas Server မှာ backup ဘယ်လိုလုပ်ရလဲဆိုတာ Demo လုပ်ပြသွားမှာဖြစ်ပါတယ်။

လုပ်ရမဲ့ Step လေးတွေကို အရင်ပြောပြပေးပါမယ်။

  • Precheck

  • Step - 1: Windows Server Backup

  • Step - 2: Update Visual C++ libries

  • Step - 3: Install Veritas Agent in Client Server

  • Step - 4: Add Client From Veritas Backup Server

  • Step - 5: Backup Data

    အောက်က ပုံမှာလဲ Flow ကြည့်လို့ရပါတယ်။


ဆိုတော့ ကျွန်တော်တို့ အရင်ဆုံး Precheck စစ်ဖို့လိုပါတယ်။

ကိုယ် backup agent ထည့်မဲ့ Windows Server ရဲ့ Version / System Type / Redistributable Libries Version စတာတွေကို စစ်ရပါမယ်။

ဥပမာ

Version – Windows Server 2016 – 10.0.14393

System Type – x64 Based

R_Libries – VC++ V 14.13

Precheck စစ်ပြီးရင်တော့ Windows Server Backup အရင်လုပ်ထားပါမယ်။

Windows Server Backup လုပ်ရတဲ့အကြောင်းအရင်းက အကြောင်းတစ်ခုခုကြောင့် Roll Back ပြန်ချင်တဲ့ခါ မူလအခြေအနေကို ချက်ချင်းပြန်သွားလို့ရအောင် လုပ်ထားရခြင်းဖြစ်ပါတယ်။


Step – 1 : Windows Server Backup

-Open Server Manager

-Add Roles & Features

-Select ( Windows Server Backup ) Features

-Then, Install.

Install လုပ်ပြီးသွားပြီဆိုရင် Service ကို ဖွင့်ပါမယ်။

Backup Once နဲ့ Backup အရင်လုပ်ထားပါမယ်။


Step - 2: Update Visual C++ Libries

Latest VC++ Version ကို Microsoft ကနေ Download လုပ်လို့ရပါတယ်။ ဘာလို့ Update လုပ်ဖို့လိုတာလဲဆိုတော့ Agents ရဲ့ requirement မှာ VC++ version limitation ရှိနေလို့ပါ။ ကျွန်တော်တို့ရဲ့ server က version နိမ့်တယ်ဆို Libries update လုပ်ပေးဖို့လိုပါတယ်။

Download ပြီးရင် Install လုပ်ပါမယ်။
auto install မို့ ခနစောင့်ပေးရပါတယ်။

Latest Version ဖြစ်မဖြစ် ပြန်စစ်ကြည့်ပေးပါ။

တကယ်လို့ ကိုယ့် server က နဂိုတည်းက latest ဖြစ်ပြီးသားဆိုရင် Step – 2 ကို ကျော်သွားလို့ရပါတယ်။


Step -3 : Install Veritas Agent

Installation Software ကို ၂ နေရာကနေ ရနိုင်ပါတယ်။ပထမ တစ်ခုက သူ့ရဲ့ Website ကနေ Software ကို Download ဆွဲတာ...

ဒုတိယတစ်ခု Veritas Server ထဲက သွားယူတာ..

ကျွန်တော်က Veritas Server ရှိပြီးသားမို့ ဒုတိယ Option နဲ့လုပ်ပြသွားပါမယ်။ ဆိုတော့ Software ရှိတဲ့လမ်းကြောင်းလေးကို ပြပေးပါမယ်။
Veritas Server >> C:\Program Files\Veritas\Backup Exec\Agents ထဲမှာ ရှိပါတယ်။ ကိုယ့် server type ပေါ် မူတည်ပြီး 64 / 32 ကို copy ယူပါ။

Copy ယူလာတဲ့ Folder ထဲမှာ setup file ပါပြီးသားမို့ Backup လုပ်မဲ့ server မှာ Agent ကို install လုပ်ပါမယ်။

Local Install - Next

Local Install - Next ဆက်သွားပါမယ်။

Installation လမ်းကြောင်းပြောင်းချင်ပြောင်းလို့ရတယ်။ မပြောင်းချင်ရင် default အတိုင်းပဲထားပြီး Next..

Install စလုပ်နေပါပြီ။

ဒီအချိန်မှာ VC++ Libries Update မဖြစ်နေရင် Error ပြပါတယ်။ Installation Failed ဆိုပြီးတော့။ ဆိုတော့ Update ဖြစ်နေဖို့လိုပါတယ်။

Installation Success ဖြစ်သွားပါပြီ။ ဒါဆို Client Server ဘက်ခြမ်းက လုပ်ရမဲ့ Step ပြီးသွားပါပြီ။


Step -4 : Add Client Server From Veritas Server

Veritas Server ထဲ Login ဝင်ပါ။
Click Add for Client.

ကိုယ် Backup လုပ်မဲ့ Server ကိုရွေးပေးရပါတယ်။
Microsoft လား ၊ VM လား ESX Host လား
Hyper V လား စသဖြင့်ပေါ့...

ကျွန်တော်တို့က Windows Server ဖြစ်တဲ့အတွက် အပေါ်ဆုံးက Microsoft ကိုရွေးပြီး Next ဆက်သွားပါမယ်။

Allow , Next ဆက်သွားပါမယ်။

ဒီနေရာက ကျွန်တော်တို့ Agent ထည့်ခဲ့တဲ့ Sever ရဲ့ IP Address နဲ့ Username လာထည့်ပေးရတာပါ။

Type Box မှာ Client Server ရဲ့ IP ကို ရိုက်ထည့်ပါ။ Logon Account မှာ Client စက်ရဲ့ Username ထည့်ပါ။ ပီးရင် Next ဆက်သွားပါမယ်။

Default ပဲ။ next နဲ့ပဲ ဆက်သွားပါမယ်။

IP တွေ Username တွေ မှန်တယ်ဆို Install နှိပ်ပြီး ခနစောင့်ပေးရပါတယ်။

Installation Process ကို Job Monitor ကနေလဲ ကြည့်လို့ရပါတယ်။

Installation Successful ပြရင် Agent Install လုပ်တာ ရပါပြီ။

တကယ်လို့ Connection not established Error ပြလာခဲ့ရင် မိမိထည့်ခဲ့တဲ့ username မှားနေလို့ပဲ ဖြစ်ပါတယ်။ ဒါဆို server ကို double click နှိပ်ပြီး username အမှန် ပြန်ထည့်ပေးပါ။

Username မှန်သွားရင် Connected ဖြစ်သွားပါလိမ့်မယ်။


Step -5 : Backup Data

Server ကို Select မှတ်ပြီး Backup & Restore ထဲက One-Time Backup >> One-Time Backup To Disk ကိုနှိပ်ပါ။

ကျွန်တော်တို့က Backup Data ကို ဒီ Server ရဲ့ HDD ထဲမှာ သိမ်းမှာမို့လို့

Agent နဲ့ backup လုပ်မှာဖြစ်တဲ့အတွက် Agent Based Backup ကို ‌ရွေးပါမယ်။ ပီးရင် Next ဆက်သွားပါမယ်။

Loading လုပ်တာခနစောင့်ပေးရပါတယ်။ ပေါ်လာပီဆိုရင် ကျွန်‌တ်ောတို့ လိုချင်တဲ့ Dataကို backup လုပ်ဖို့အတွက် Edit ကိုနှိပ်ပါ။

ကိုယ် Backup လုပ်ချင်တဲ့ Data ကို Select လုပ်ပါ။ ပီးရင် Ok နှိပ်ပါ။

ဒီနေရာမှာ သတိထားရမှာက မလိုအပ်တာတွေကို အမှန်ခြစ်ထည့်မထားမိဖို့ပါပဲ။ Select ပေးတဲ့ Data တွေကို အကုန် backup လုပ်မှာဖြစ်တဲ့အတွက် Windows Files တွေ User Data တွေ တစ်ခြားမလိုတာတွေကို အမှန်ခြစ်ဖြုတ်ပေးပါ။

Partially Selected ထဲမှာ ကျွန်တော်တို့ Backup လုပ်ချင်တဲ့ Data လေးတွေရောက်နေပီ။

အဲ့တော့ ကျွန်တော်တို့ Backup စလုပ်လို့ရပါပြီ။

ဒါပေမဲ့ ကျွန်တော်တို့ Backup Policy တွေ သတ်မှတ်လို့ရပါတယ်။

တကယ်လို့ ကိုယ်က Default အတိုင်းပဲ သွားမယ်ဆို Ok နှိပ်ပီးဆက်သွားရုံပါပဲ။ မဟုတ်ဘူး Policy တွေ ထည့်ချင်သေးရင် One-Time Backup ကို Edit နှိပ်ပါ။

Backup ကို Schedule နဲ့ Run လို့ရတယ်... Schedule မပါဘဲလဲ Run လို့ရမယ်.... ဒီ policy တွေ assign လုပ်လို့ရမယ်။

Backup ကို အချိန်ဘယ်လောက်ထိ သိမ်းထားမှာလဲ??? 1 Week လား 2 Weeks လား 1 Month လား အစရှိသဖြင့် Policy လာပြီး ထည့်ထားလို့ရတယ်။

Backup မစခင်မှာ ကိုယ် ဘာ cmd run စေချင်လဲ။ Backup ပြီးသွားရင် ဘာ run စေချင်လဲ အကုန် ဒီမှာလာပြီး သတ်မှတ်ပေးထားလို့ရတယ်။

Policy တွေသတ်မှတ်ပြီးရင်တော့ Ok ကိုနှိပ်ပါ။

ဒါဆိုရင် ကျွန်တော်တို့ Backup စဆွဲနေပြီ ဖြစ်ပါတယ်။

Job Successful ဖြစ်သွားရင် Backup Process ပြီးသွားပါပြီ။


ဒီနေ့ လုပ်ပြသွားတာကတော့ Veritas Agent ကို Windows Server မှာ Install လုပ်ပြီး
Veritas Backup Server ကနေ Data Backup လုပ်သွားတာကို ရှင်းပြပေးထားတာပဲဖြစ်ပါတယ်။

Author By PoneMyat

More from this blog

Why need to associate IAM OIDC Provider for Amazon EKS Cluster?

Amazon EKS cluster မှာ OpenID Connect (OIDC) provider ကို associate လုပ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ Security နဲ့ Access Control ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်။ အဓိကအားဖြင့် အချက် (၂) ချက်ရှိပါတယ်။ To use IAM Roles for Service...

Oct 10, 20252 min read36

kubectl-like CLI tool for Amazon EKS

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Amazon Elastic Kubernetes Service (EKS) ကို demo စမ်းဖို့အတွက် AWS ကနေမှ developed လုပ်ထားတဲ့ tool အကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ အဲ့ဒီ tool ရဲ့ nameလေးကတော့ eksdemo ပဲဖြစ်ပါတယ်။ eksdemo ဆိုတာဟာ Amazon EKS ကို...

Oct 2, 20252 min read11
kubectl-like CLI tool for Amazon EKS

Creating a cluster with kubeadm - Part 3

Part 2 မှာတော့ Cluster Setup လုပ်ဖို့အတွက် လိုအပ်တာတွေ အကုန် Installation လုပ်ပြီးဆိုတော့ ဒီမှာတော့ Cluster Setup ကို စတင်လုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။ Initializing your control-plane node ဒီမှာတော့ ကျွန်တော်တို့ Setup လုပ်မှာက Master Node က တစ်လုံးပဲ...

Aug 20, 20254 min read48
Creating a cluster with kubeadm - Part 3

Creating a cluster with kubeadm - Part 2

ဒီနေ့ထပ်ပြီးတော့ Sharing လုပ်မှာကတော့ kubeadm tool နဲ့ Kubernetes Cluster Setup လုပ်မှာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Part 1 မှာတုန်းကတော့ Kubernetes ဆိုတာဘာလဲရယ် Kubernetes Distribution အကြောင်း တွေကို အနည်းငယ်ရှင်းပြပေးခဲ့ပါတယ်။ Part 1 ကိုမဖတ်ရသေ...

Jul 23, 20255 min read49
Creating a cluster with kubeadm - Part 2
V

Vital Tech Blog

22 posts